သရုပ်ဆောင်အိအိတုန်ကတော့ ကျရာဇာတ်ရုပ်တွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။
 
                        
                             
                        
                            သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးအပြင် ရင်သွေးလေးကိုလည်း လွယ်ထားရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ စျေးရောင်းလျက်ရှိနေသလို ချစ်ရတဲ့ မိသားစုလေးကိုလည်း အချိန်ပေးကာ ဂရုစိုက်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာတော့ အိအိတုန်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ မကြာခင်လူ့လောကကြီးထဲကိုရောက်ရှိလာမယ့် သမီးလေးအတွက် အခန်းရှင်းနေပြီး ပိုးသတ်ဆေးဖြန်းနေခဲ့ပါတယ်။
 
                        
                             
                        
                            သူမကတော့ "မမဗိုက်ရဲ့အခန်းကျည်းလေးကိုအကုန်ရှင်းမောလိုက်တာချစ်သမီးလေးနောက်တစ်ယောက်လာတော့မယ်ဆိုတော့အခန်းထဲပိုးသတ်အမိူက်တွေရှင်းမောလိုက်တာပျင်းနေတာနဲ့အလုပ်ရှာလုပ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်အိအိတုန်တို့ဇနီးမောင်နှံရဲ့ အခန်းရှင်းနေတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: Ei Tone ' s Facebook Acc
 
                        
                             
                        
                            "Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              