မြန်မာပြည်ရဲ့ နာမည်ကြီးအဆိုတော် တစ်ဦးဖြစ်တဲ့ ဘန်နီဖြိုးတင်လိုက်တဲ့ status ကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေကြား စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဘန်နီဖြိုးကတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က မင်းသမီးရွှေမှုန်ရတီကို tag တွဲပြီး ယခုလိုရေးသားတင်ခဲ့တာ တွေ့ရပါတယ်။

"ငါဟာမင်းအတွက် လိုသုံး တစ်ယောက်ပါပဲ ... ?

*B*" လို့ ဘန်နီဖြိုးရဲ့ လူမှုစာမျက်နှာမှာ ရေးသားတင်ထားပါတယ်။ ထို post အောက်မှာတော့ ရွှေမှုန်ကိုယ်တိုင် sad emoji လေး comment ရေးထားတာလည်း တွေ့ရပါတယ်။

ဒီ post အောက်မှာတော့ နှစ်ဖက်ပရိသတ်တွေရဲ့ comment တွေကို ဝေဝေဆာဆာ တွေ့မြင်နေရပြီး တချို့ကလည်း MTV ရိုက်မှာလား ဘာလား ဆိုပြီး မေးနေကြပါတယ်။ လတ်တလောမှာတော့ အချစ်ရေး တစ်ယောက်တည်းဖြစ်နေတဲ့ ဘန်နီဖြိုးဘက်က ပြန်လည်ဖြေကြားထားခြင်းမျိုး မရှိသေးပါဘူး။ ထို post အောက်မှာတော့ စို်ုင်းစိုင်းတို့ ထွန်းထွန်းတို့ လွှမ်းပိုင်တို့ကတောင် comment တွေ ဝင်ရောက်ရေးသားထားကြတာ တွေ့ရပါတယ်။ ထပ်မံရရှိလာတဲ့ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးပါမယ် ပရိသတ်ကြီးရေ.....

Source: Bunny Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။