သွယ်လျကျစ်လျစ်ပြီး သေးသေးသွယ်သွယ် အမိုက်စား body နဲ့ ပုရိသတွေနဲ့ အသည်းတွေကို လှုပ်ကိုင်နိုင်ခဲ့တဲ့ မော်လ်ဒယ်မလေး နန်းခင်ဇေယျာ ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ နန်းခင်ဇေယျာ ကတော့ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတာကိုတွေ့ပါတယ်။ သူမရဲ့ ကြိုးစားမှုတွေကြောင့်လည်း အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
သူမကတော့ အခုဆိုရင် အလှပုံရိပ်လေးတွေအပြင် tik tok ဗီဒီယိုလေးတွေကို မကြာခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်းtik tok မှာ နာမည်ကြီးနေတဲ့ ဗီဒီယိုလေးကို အပျော်လေးရိုက်ကာ သူမရဲ့ အကောင့်လေးမှာဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ နန်းခင်တစ်ယောက် မိမိုက်ကာ ချစ်စရာကောင်းနေတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ နန်းခင်ရဲ့ tik tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှုနိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမယ့်လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။ချစ်ပရိသတ်ကြီးလည်း နန်းရဲ့ဗီဒီယိုလေးကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။
@nangkhinzayyar ♬ nhạc nền - Chiến Đỗ
Source : Nang Khin Zay Yar Tik Tok Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။