မင်းသမီးချောလေးဆုအိမ့်စံကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပြီး ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေသူလေးပဲဖြစ်ပါတယ်။
ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကိုပိုင်ဆိုင်ထားတဲ့ သူမကတော့မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပြီး အမိုက်စားဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိပါတယ်။ သူမကတော့ ချစ်စရာပုံစံလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်တဲ့ သူမကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။
သူမကတော့ ယခုမှာ သီချင်းတီးလုံးလေးအတိုင်း မျက်နှာအမူအရာလေးမျိုးစုံပြုလုပ်ပြီး ချစ်စရာကောင်းစွာဆော့ကစားထားတဲ့ Tiktokဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။ ချစ်စရာအပြုအမူလေးနဲ့ ဆော့ကစားထားတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေရဲ့ ရင်ကိုအေးချမ်းသွားစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဆုအိမ့်စံရဲ့ ချစ်စရာကောင်းတဲ့ Tiktokဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source - Hsu Eaint San's Tiktok Acc
@hsueaintsan hsueaintsan tiktok tiktokmyanmar
The Banjo Beat, Pt. 1 - Ricky Desktop
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။