နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက် ဝန်းရံအားပေးမှုတွေကိုရရှိထားတာကတော့ Project K အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ အကမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ ကနိုင်ရုံသာမကဘဲ အဆိုဘက်မှာလည်း ထူးချွန်ကြသူတွေလည်း ဖြစ်ပါတယ်။ Project K အဖွဲ့ဟာ နိုင်ငံတကာအကပြိုင်ပွဲတွေမှာလည်း သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေလည်း ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။



သူတို့အဖွဲ့ကိုတော့ မြန်မာနိုင်ငံက မိန်းကလေး ပရိသတ်တွေသာမကဘဲ ကိုရီးယားနိုင်ငံက ပျိုပျိုမေလေးတွေကပါ အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မယ့် " Asian Song Festival 2020 “ ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ဖျော်ဖြေရမှာလည်း ဖြစ်ပါတယ်။မကြာသေးခင်နာရီပိုင်းလောက်ကလည်း Project K အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကိုရီးယားနိုင်ငံတွင် သွားရောက်ဖျော်ဖြေရန် COVID-19 ရောဂါကင်းစင်ကြောင်းဆေးစစ်နေကြတဲ့ Project Kအဖွဲ့ရဲ့Video လေးပဲ ဖြစ်ပါတယ်။



သူတို့ကလည်း " ကျွန်တော်တို့ Project K Members တွေအားလုံး Negative ပါဗျ
ဒီ Video လေးကို တင်ပေးရခြင်းရည်ရွယ်ချက်ကတော့
- ကျွန်တော်တို့တွေအားလုံး ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အတူ ကိုရီးယားကိုသွားရောက်ဖျော်ဖြေမည်ဆိုတာ အသိပေးချင်တာရယ်
- Covid 19 Swab test စစ်ဖို့ကြောက်နေကြသူတွေအတွက် လုံးဝကြောက်စရာမကောင်းဘူးဆိုတာ ပြောပြချင်တာပါ ( လုံးဝမနာပါဘူး ... နှာခေါင်းထဲထည့်ချိန်မှာ ရေမွန်းသလိုမျိုးခံစားရပြီး , ပါးစပ်ထဲထည့်တဲ့အချိန် လက်ညှိုးထိုးအန်သလိုမျိုးသာခံစားရပါတယ် )
ကျွန်တော်တို့ အားလုံးစည်းလုံးရင် ဒီကပ်ဆိုးကြီးက ကျော်လွှားနိုင်မှာပါ
အဲ့ဒါကြောင့် အားလုံး
“ လူချင်းခပ်ခွါခွါနေ၍ နှလုံးသားချင်းနီးပေးပါ “
LOVE YOU ALL......Saranghaeyo “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Project K’s Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။