မော်ဒယ်လ်လောက ကနေ သရုပ်ဆောင်လောကထဲကို ကူးပြောင်းလာပြီး အောင်မြင်မှုတွေရရှိကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သူကတော့ မင်းသမီးချောလေး ဆုအိမ့်စံပဲဖြစ်ပါတယ်။ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာပဲဖြစ်ပါတယ်။

Photo credit - Hsu Eaint San's Facebook Account
Photo credit - Hsu Eaint San's Facebook Account

ကိုယ်လုံးကိုယ်ထည်က ပြောရက်စရာမရှိလောက်အောင် လှပပြီး မြင်သူငေးရလောက်တဲ့ သူမျိုးဖြစ်တာကြောင့် ပုရိသပရိသတ်တွေရဲ့ ဝန်းရံမှုကို ခံရတာလည်း အသေအချာပါပဲနော်...။ လတ်တလောမှာတော့ ဆုဆုက အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေပြီး လွမ်းနေတဲ့ ပရိသတ်တွေအတွက် အသည်းယားစရာကောင်းအောင် ပိုစ့်ပေးဓါတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ် ။

Photo credit - Hsu Eaint San's Facebook Account

ယနေ့မှာလည်း ဆုအိမ့်စံက လှပတဲ့ ပန်းဆီရောင် ပါတိတ်ဝမ်းဆက်လေးကို ဝတ်ဆင်ကာ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့တာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ သူမရဲ့ ပုံလေးတွေကိုကြည့်ရင်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်။ သူမဆက်လက်လှုပ်ရှားမယ့် အနုပညာအလုပ်တွေကိုလည်း ချစ်ပရိသတ်ကြီးက ဆက်လက်အားပေးကြမယ်မလား .....။ 

Photo credit - Hsu Eaint San's Facebook Account

Source & Photo credit - Hsu Eaint San's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။