ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးကစားသမား အောင်သူနဲ့အတူ နှစ်ယောက်တစ်ဘဝတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ သူမတို့နှစ်ဦးက ချစ်စရာကောင်းတဲ့ သားသားလေး သဲကိုးကိုလည်း မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် သားသားလေး သဲကိုးက ၁နှစ်ကျော် အရွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။


သဲကိုးကို သေချာဂရုစိုက် ပျိုးထောင်နေတာဖြစ်လို့ ပိုးအိအိခန့်က အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတာပါ။ ပရိသတ်တွေကတော့ ပိုးအိအိခန့်ရဲ့ လှုပ်ရှားမှုတိုင်းကို ယနေ့တိုင် အားပေးနေဆဲဖြစ်ပြီး သားသားလေး သဲကိုးကိုလည်း အသည်းယားအချစ်ပိုနေတာကို တွေ့ရပါတယ်။ မကြာခဏဆိုသလို နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ သဲကိုးလေးရဲ့ ဗီဒီယိုလေးတွေကို ဝေမျှပေးလျက်ရှိနေတဲ့ ပိုးအိအိခန့်က ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။



ပိုးအိအိခန့်က ယနေ့ သူမ အားလပ်တဲ့အချိန်လေးမှာတော့ ဘုန်းကြီးကျောင်းကိုသွားပြီး အိမ်သာဆေးကုသိုလ်ယူနေတာပဲ ဖြစ်ပါတယ်။ တကယ်ကို မွန်မြတ်လှတဲ့ အလုပ်ဖြစ်တာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပိုးအိအိခန့်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ပုံလေးတွေကိုကြည့်ပြီး Commentမှာ တစ်ခုခု ပြောပေးခဲ့ကြပါအုန်းနော်...... ။




Source & Photo credit - Poe Ei Ei Khant's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။