Miss Myanmar International 2014ဆုရှင် အလှမယ်ဟန်သီကတော့ ရှည်လျားလှပတဲ့ အရပ်အမောင်းနဲ့ သွယ်လျလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ ဟန်သီက အလှမယ်တစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေကို ပြည့်မှီပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေသူတစ်ယောက်ပါ။

Photo credit - Han Thi's Facebook Page
Photo credit - Han Thi's Facebook Page

ဟန်သီက ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လေ့ရှိနေပြီး ပီပြင်လှတဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေက အကြိုက်တွေ့နေကြတာလည်း ဖြစ်ပါတယ်။ ဟန်သီက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ Photo shooting တွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးပေးနေပြီး ကပ်ရောဂါကြောင့် ကားရိုက်တွေကို ရပ်နားထားရတာလည်း ဖြစ်ပါတယ်။ 

Photo credit - Han Thi's Facebook Page
Photo credit - Han Thi's Facebook Page

သူမရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးနေတဲ့ ပရိသတ်ကြီးအတွက် ဟန်သီက ယနေ့မှာတော့ ခါတိုင်းနဲ့မတူတဲ့ ပိုစ့်တစ်ခုကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားများရဲ့ ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ဟန်သီရဲ့ ပုံလေးတွေက ကြည့်မိသူပရိသတ်တိုင်းကို အချစ်ပိုမိစေမှာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။ 

Photo credit - Han Thi's Facebook Page
Photo credit - Han Thi's Facebook Page
Photo credit - Han Thi's Facebook Page
Photo credit - Han Thi's Facebook Page

Photo credit - Han Thi's Facebook Page 

Source  - Han Thi's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။