Missလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သူလေးကတော့ နန်းခင်ဇေယျာပဲ ဖြစ်ပါတယ်။

Missတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပြည့်ဝတဲ့ နန်းခင်က နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားတွေကို ပါဝင်ရိုက်ကူးပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကူးပြောင်းလုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Nang Khin Zay Yar's FB page
Photo credit - Nang Khin Zay Yar's FB page

နန်းခင်က ဆွဲဆောင်မှုရှိတဲ့ အညိုရောင်အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး အပြုံးလေးတွေကလည်း ချိုသာလွန်းတာကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးချစ်ခင်နေတာကိုလည်း တွေ့ရပါတယ်။ အနုပညာလှုပ်ရှားမှု အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ကြိုးစားလုပ်ကိုင်နေတဲ့ နန်းခင်က ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် မကြာခဏဆိုသလို သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း တင်ပေးလေ့ရှိသူပဲ ဖြစ်ပါတယ်။

Photo credit - Nang Khin Zay Yar's FB page
Photo credit - Nang Khin Zay Yar's FB page

ယနေ့မှာတော့ နန်းခင်က အဝါရောင်ဖက်ရှင်လေးနဲ့ လုံလုံခြုံခြုံလေးဝတ်ဆင်ကာ နေကာမျက်မှန်လေးနဲ့ အထာကျကျပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ 

နန်းခင်ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ပြီး အကြိုက်တွေ့ အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်.....။ 

Photo credit - Nang Khin Zay Yar's FB page

Source & Photo credit - Nang Khin Zay Yar's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။