ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းယွန်းစံ ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကာတွေမှာလည်း အကောင်းဆုံးပါဝင်သရုပ်ထားတာတွေကို တွေ့ရပါတယ်။ သူမဟာ သေးသွယ်သွယ် body ကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာအပြုံးလေးတွေကြောင့် ပရိသတ်တွေ ချစ်အားပိုနေရသူလေးပဲဖြစ်ပါတယ်။
လတ်တလော အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာ ခဏတာရပ်နားထားခဲ့ရပေးမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် သူမရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးတာကိုတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း မင်းသမီးချောလေး ဆောင်းယွန်းစံ က မြင်သူတိုင်းငေးမောသွားစေလောက်မယ့် ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ ပေါ်မှာတင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ဆောင်းယွန်းစံ က ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန် အနီရောင်ဖက်ရှင်ဝတ်စုံလေးတွေကိုဝတ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် အနီရောင်ဖက်ရှင်ဝတ်စုံလေးကလည်း သူမရဲ့ အသားရည်လေးတွေနဲ့ ပိုပြီးလိုက်ဖက်ကာ ပင်ကိုယ်အလှတရားတွေကို အထင်းသားပေါ်လွင်စေခဲ့ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ရိုးရိုးရှင်းရှင်းလေးနဲ့ လှရက်လွန်းနေတဲ့ မင်းသမီးဆောင်းယွန်းစံ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
photo credit - Saund Yoon San fb Account
Source - Saund Yoon San fb Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။