မင်းသမီးချောလင်းဇာနည်ဇော်နဲ့ မြူလင်းကိုကိုတို့ သားအမိနှစ်ယောက်ဟာဆိုရင် ပရိသတ်တွေအရမ်းချစ်ရတဲ့သူတွေဖြစ်ပါတယ်။လင်းဇာနည်ဇော်ကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်ပြီး သမီးလေးကို ငယ်ငယ်ကတည်းကပြုစုစောင့်ရှောက်ပေးလာတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။အခုချိန်မှာဆိုရင်တော့ မြူလင်းကိုကိုက မေမေတစ်လှည့်ပြန်အားကိုးလို့ရတဲ့ အရွယ်ကို ရောက်လို့နေပြီဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

မြူလင်းကိုကိုက မေမေတို့ရဲ့စီးပွားရေးကိုလည်း ပိုပြီးတွင်ကျယ်အောင် ကူညီလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။မေမေ့ရဲ့သွေးလည်းအပြည့်ပါတာကြောင့် အနုပညာကိုဝါသနာပါပြီး လတ်တလောမှာဆိုရင်လည်း MVလေးတစ်ပုဒ်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်နော်။မြူလင်းကိုကိုက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လေ့လာသင်ယူနေတာဖြစ်လို့ နောက်ထပ်လည်း အနုပညာအလုပ်တွေဆက်လုပ်သွားဖို့ရှိပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

လင်းဇာနည်ဇော်ကလည်း သမီးလေးကို အစွမ်းကုန်ပံ့ပိုးပြီး ကူညီဖေးမပေးလို့ သူမတို့သားအမိနှစ်ယောက်က ညီအစ်မတွေလို့တောင်ထင်မှတ်ရပါတယ်နော်။လတ်တလောမှာဆိုရင်တော့ လင်းဇာနည်ဇော်တို့က ပြင်ဦးလွင်ကိုခရီးထွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဆိုက်ကားပေါ်မှာထိုင်နေကြရင်း ချစ်စရာပိုစ့်လေးတွေပေးကာ သားအမိနှစ်ယောက်လုံးပျော်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source&Photo Credit:Lin Zarni Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။