မင်းသမီးချောလေးမေတိုးခိုင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ဦးဦးနေတိုး၊တီတီအူဝဲတို့နဲ့အတူ ရိုက်ကူးခဲ့တဲ့ အချိန်တွေကိုပြန်လည်သတိရနေခဲ့ပါတယ်။ 

Photo credit : RVB
Photo credit : RVB

သူမကတော့ " ၂၀၁၉ ဆိုတာ ဖူးအတွက် အမှတ်တရတွေနဲ့ ပြည့်နေတဲ့ နှစ်​လေး မနှစ်က ဒီနေ့ညလေးမှာ "ရူးအောင်ချစ်မယ့်လူ" Red Carpet လေးပေါ့.. ကိုယ့်ရဲ့ ပထမ ဆုံးပွဲဦးထွက် ဇာတ်ကားလေး ၃ နှစ်အကြာမှာ ပိတ်ကားပေါ်ပြခွင့်ရတဲ့ ခံစားချက်.. ကြောက်ခဲ့တယ်၊ ရင်ခုန်ခဲ့တယ်၊ ပျော်ခဲ့တယ် ခံစားချက်ပေါင်းများစွာနဲ့.. ထင်တာထက် ပိုရခဲ့တဲ့ အားပေးမှုတွေကဖူးကို ဒီနေ့ဒီချိန်ထိ ကြိုးစားချင်တဲ့စိတ်တွေ အကောင်းဆုံးတွေပေးချင်တဲ့ စိတ်တွေဖြစ်နေတယ်ဆိုရင် မမှားပါဘူး " ဆိုပြီးရေးသားထားပါတယ်။

Photo credit : RVB
Photo credit : RVB

သူမကတော့"  နောက်အများကြီး ရိုက်ချင်သေးတယ် ပြချင်သေးတယ်.. "အခရာ" ဆိုတဲ့ ကောင်မလေးအဖြစ် အသိအမှတ်ပြုခံရဖို့ တွန်းအားပေး ခဲ့တဲ့ သူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်လျှက်...Hmm... ပြီးပါတော့ covid ရယ် ရုပ်ရှင်တွေရိုက်ချင်ပြီလေPS : အမှတ်တရပြန်တင်သည်" ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေတိုးခိုင်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြ​ပေးလိုက်ရပါတယ်။

Source :  May Toe Khine’s Facebook Page 

Photo credit : RVB
Photo credit : RVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။