မင်းသားချောလေး နေမင်းကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်ရင်ထဲမှာ နေရာယူလာတာဖြစ်ပါတယ်။နေမင်းကအနုပညာလောကမှာရပ်တည်လာခဲ့တာ နှစ်ပေါင်းတစ်ခုထိကြာမြင့်နေပြီဖြစ်လို့ အားပေးကြတဲ့ ပရိသတ်အခိုင်အမာကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။နေမင်းက အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး အနုပညာလောကမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

Photo Credit:Nay Min's Facebook Account
Photo Credit:Nay Min's Facebook Account

နေမင်းက စိတ်သဘောထားပြည့်ဝပြီး အေးအေးဆေးဆေးနေတတ်တဲ့သူလေးဖြစ်လို့ လူချစ်လူခင်ကလည်း ပေါများပါတယ်နော်။စကားပြောတာလေးကအစ နူးညံ့သိမ်မွေ့လို့ နေမင်းကို ပရိသတ်အများအပြားက အားပေးချစ်ခင်နေရတာဖြစ်ပါတယ်။နေမင်းက လတ်တလောမှာဆိုရင်တော့ ခရီးတွေထွက်နေတာဖြစ်ပြီး သဘာဝရဲ့အလှအပတွေကို ခံစားနေတာဖြစ်ပါတယ်နော်။

Photo Credit:Nay Min's Facebook Account
Photo Credit:Nay Min's Facebook Account

အခုဆိုရင်တော့ နေမင်းတို့က စီးလာတဲ့ကားပျက်သွားတာကြောင့် မြေကြီးပေါ်မှာ အကျအနထိုင်ပြီး ပေပွနေတဲ့အထိ ပြင်ဆင်နေတာဖြစ်ပါတယ်။နေမင်းကတော့"ကိုယ်တိုင်ကိုယ်ကျ ကျွန်တော်တို့ဘဝ"ဆိုပြီး ရေးသားထားကာ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာဖြစ်ပါတယ်။ကိုယ့်အားကိုယ်ကိုးပြီး ကားထိုင်ပြင်နေတဲ့ နေမင်းတို့ရဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Min's Facebook Account
Photo Credit:Nay Min's Facebook Account

Photo Credit:Nay Min's Facebook Account

Source&Video Credit:Nay Min's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။