အရပ်ရှည်ရှည်နဲ့ စမတ်ကျပြီး မိန်းကလေးပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်မင်းခန့် ပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်က အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးပါ။ သူက MRTV -4ဇာတ်လမ်းတွဲတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်လေ့ရှိပြီး ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေရသူပဲ ဖြစ်ပါတယ်.....။
လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို အောင်မင်းခန့်က ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေသူပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ နေရလို့ အရင်ကထက် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ခန့်ညားလှပလာတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အနုပညာမောင်နှမဖြစ်တဲ့ ခြူးလေးနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။
ခြူးလေးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာရင်း အောင်မင်းခန့်က " ထာဝရ မန္တလေးထဲ ချစ်ခင်ရတဲ့ ဘော်ဒါကြီးနဲ့ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပါ။ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ ချစ်ပရိသတ်ကြီးကလည်း အောင်မင်းခန့်နဲ့ ခြူးလေးတို့ သူငယ်ချင်းနှစ်ယောက်ကို အားပေးလိုက်ကြပါဦးနော်.... ။
Source & Photo credit - Aung Min Khant 's Fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။