အကယ်ဒမီမင်းသမီးချော မြတ်ကေသီအောင်ဟာဆိုရင် တစ်ခေတ်တစ်ခါမှာ အရမ်းရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။မြတ်ကေသီအောင်က အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။မြတ်ကေသီအောင်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Myat Kay Thi Aung's Facebook Account
Photo Credit:Myat Kay Thi Aung's Facebook Account
Photo Credit:Myat Kay Thi Aung's Facebook Account

မြတ်ကေသီအောင်က အကယ်ဒမီရွှေစင်ရုပ်ထု နှစ်ဆုကို ပိုင်ဆိုင်ခဲ့ပြီး အကယ်ဒမီမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။သူမအကယ်ဒမီရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ "ရင်ထဲကဆောင်းရာသီနဲ့ ချစ်ခြင်းဖွဲ့မေတ္တာ"ဇာတ်ကားတို့နဲ့ပဲဖြစ်ပါတယ်နော်။အခုဆိုရင်တော့ မြတ်ကေသီအောင်က သူမရဲ့ရွှေစင်ရုပ်ထုနှစ်ဆုကို ရုပ်ရှင်သမိုင်းပြတိုက်မှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit:Myat Kay Thi Aung's Facebook Account
Photo Credit:Myat Kay Thi Aung's Facebook Account

မြတ်ကေသီအောင်ကတော့"မချစ်လို့တော့ မဟုတ်ဘူးနော်...တွေဝေနေတာလား....နိုးပါ၊နှမြောနေတာလား...နိုးပါ၊နောင်တရနေတာလား...နိုးပါ ပျော်ရွှင်စွာနဲ့ စွန့်လွှတ်ခံတာပါ တန်ဖိုးဆိုတာ ကိုယ်တိုင်မြှင့်ပေးမှ ရမယ်ထင်လို့....သိပ်မြတ်နိုးတဲ့ အရာလေး ကိုယ်မရှိတော့တဲ့တစ်နေ့...မျက်နှာငယ်စွာနဲ့ ဘယ်မှာနေရမှန်းမသိ ဖြစ်နေမှာကိုမလိုလားလို့ သူ့အတွက် ဂုဏ်ရှိမယ့် နေရာလေးတစ်ခုကို လှူလိုက်ပြီ..ထာဝရ တင့်တယ်ပါစေ ရွှေစင်ရုပ်ထုလေးရေ......"ဆိုပြီး သူမသဘောဆန္ဒနဲ့ လှူဒါန်းလိုက်တာဖြစ်ပါတယ်။

Photo Credit:Myat Kay Thi Aung's Facebook Account
Photo Credit:Myat Kay Thi Aung's Facebook Account
Photo Credit:Myat Kay Thi Aung's Facebook Account

Source&Photo Credit:Myat Kay Thi Aung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။