ချစ်ပရိသတ်ကြီးရေ အဆိုတော်မလေး အိမ့်ချစ်ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ပြီး အောင်မြင်မှုတွေများစွာရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ အိမ့်ချစ်ကတော့ အသံပါဝါကောင်းတဲ့ သူဖြစ်ပြီး သူ့ရဲ့ သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေပြီး အကောင်းဆုံးကြိုးစား နေသူပဲဖြစ်ပါတယ်။

photo credit - studio A ( Photography)
photo credit - studio A ( Photography)

အိမ့်ချစ်က မကြာသေးမီအချိန်ကမှ ချစ်ရသူနဲ့အတူ ပူပူနွေးနွေး အိမ်ထောင်ရေးကို နှစ်ယောက်တစ်ဘဝ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုရင် ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာတော့ ပရိသတ်တွေ အားကျရလောက်မယ့် ခင်ပွန်းသည် နဲ့ နှစ်ယောက်အတူတူ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

photo credit - studio A ( Photography)
photo credit - studio A ( Photography)

ဒီပုံလေးတွေထဲမှာတော့ နှစ်ယောက်အတူ အနောက်တိုင်း ဖက်ရှင်ဝတ်စုံလေးတွေကို ဝတ်ပြီး ဆွဲဆောင်မှုရှိရှိ အမိုက်စားပုံစံလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အိမ့်ချစ်တို့ရဲ့ အတွဲပုံလေးတွေကို သဘောကျကြိုက်နှစ်သက်မယ်လို့ ထင်မိပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အရမ်းချစ်စရာကောင်းလောက်အောင် ခင်ပွန်းသည် နဲ့ အတူ လိုက်ဖက်ညီညီ ရိုက်ကူးထားတဲ့ အိမ့်ချစ် တို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

photo credit - studio A ( Photography)
photo credit - studio A ( Photography)

photo credit - studio A ( Photography)

Source - Eint Chit fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။