ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်။ သူမဟာ သားလေးမွေးဖွားပြီးနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းတွေသိပ်မရှိတော့ဘဲ ကြော်ငြာလေးတွေသာ လက်ခံရိုက်ကူးပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်ပေမယ့်လည်း ပရိသတ်တွေကတော့ ယနေ့ချိန်ထိ ချစ်ခင် အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account
Photo Crd- Moe Yu San’s Facebook Account

မိုးယုဟာ ဒုတိယကိုယ်ဝန်ကို လွယ်ထားနေရပြီပဲ ဖြစ်ပြီး Ultrasound Result အရ ယောကျာ်းလေးဖြစ်တာကြောင့် အားလုံးက ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်မပြတ်ရအောင်လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေ အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မိုးယုရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Moe Yu San’s Tik Tok Account
Photo Crd- Moe Yu San’s Tik Tok Account
Photo Crd- Moe Yu San’s Tik Tok Account

ဒါကတော့ ဒုတိယကိုယ်ဝန်ကိုလွယ်ထားရတာတောင်အလှမပျက်ဘဲ ဂါဝန်ရှည်လေးနဲ့ချစ်စရာကောင်းနေတဲ့ မိုးယုစံရဲ့Video လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့     မိုးယုရဲ့ ပုံစံလေးကလည်း ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moe Yu San’s Facebook and Tik Tok Account 

@moeyusanmys

##moeyusan ##icecream ##myanmarcelebrity ##sweetlove

♬ Ice Cream - BLACKPINK & Selena Gomez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။