အကယ်ဒမီ စိုးပြည့်သဇင်ကတော့ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူတစ်ယောက်ပါ။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပုံဖော်ရိုက်ကူးလေ့ရှိတဲ့ စိုးပြည့်က အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာပဲ ဖြစ်ပါတယ်။ စိုးပြည့်က သရုပ်ဆောင်ကောင်းရုံသာမကပဲ အဆိုပိုင်းမှာလည်း သာယာချိုမြတဲ့ အသံလေးနဲ့ သီဆိုတတ်သူဖြစ်လို့ ပရိသတ်တွေက ချီးကျူးမဆုံး ဖြစ်နေကြတာပါနော်။

Photo credit - Soe Pyae Thazin's FB page
Photo credit - Soe Pyae Thazin's FB page
Photo credit - Soe Pyae Thazin's FB page

စိုးပြည့်ရဲ့ ဘက်စုံတော်တဲ့ အနုပညာအရည်အချင်းတွေကြောင့် ကိုရိုနာဗိုင်းရပ် Stay Home ကာလမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေရတာကို တွေ့ရပါတယ်နော်။ 

သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို စောင့်ကြည့်အားပေးနေတဲ့ ပရိသတ်တွေအတွက် စိုးပြည့်က လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။

Photo credit - Soe Pyae Thazin's FB page
Photo credit - Soe Pyae Thazin's FB page
Photo credit - Soe Pyae Thazin's FB page

စိုးပြည့်က သူမရဲ့ ကြည်လင်ဝင်းပတဲ့ အသားအရည်လေးကို ပိုမိုပေါ်လွင်စေတဲ့ ဂါဝန်ရှည်လေးနဲ့ လိုက်ဖက်ညီညီ လှပနေတာပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်လေးတစ်ယောက်လို အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးနေတဲ့ စိုးပြည့်ရဲ့ ပုံလေးတွေက ကြည့်မိသူပရိသတ်တိုင်းကို အကြိုက်တွေ့မိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။ 

Photo credit - Soe Pyae Thazin's FB page
Photo credit - Soe Pyae Thazin's FB page
Photo credit - Soe Pyae Thazin's FB page

Source & Photo credit - Soe Pyae Thazin's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။