အရမ်းကို ရိုမက်တစ်ဆန်ပြီး ချစ်တတ်လွန်းတဲ့ အတွဲလေးအဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြတာကတော့ အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြပြီး အောင်မြင်မှုတွေ များစွာလည်း ရရှိထားကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ မြင်ရသူတိုင်းကို အပျော်လေးတွေ ကူးစက်စေတာပဲ ဖြစ်ပါတယ်။



သူတို့နှစ်ယောက် ချစ်သူသက်တမ်း (၄) နှစ်ကျော်ပြီပဲ ဖြစ်ပြီး အမြဲလိုလိုလည်း ခရီးလေးတွေ အတူတူသွားကာ ခရီးသွား ပုံရိပ်လေးတွေကိုလည်း ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးလေးတစ်ယောက် သီချင်းသစ်လေးတွေ ရေးသားနေတာပဲ ဖြစ်ပြီး ဝါဆိုကလည်း ကြော်ငြာလေးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ဝါဆိုမိုးဦးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ ချစ်သူနဲ့အတူ ပထမဆုံးစင်ပေါ်မှာ သီချင်းသီဆိုဖျော်ဖြေရန် လေ့ကျင့်နေတဲ့ Video လေးကို ပြန်လည် ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ဝါဆိုကလည်း " 2019 new year night မှာဖျော်ဖြေဖို့အတွက် Blacklist သီချင်းလေးကို Rehearsal လုပ်ဖြစ်တဲ့ Video လေးကိုအမှတ်တရအနေနဲ့ ပြန်တင်လိုက်တယ်နော် ပွဲလေးတွေပြန်ဆိုချင်နေပြီ " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဝါဆိုတို့ အတွဲလေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd -Warso Moe Oo's Facebook Account and Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။