နိုင်ငံခြားမော်ဒယ်လ်တစ်ယောက်လို မိမိုက်တဲ့ ဖက်ရှင်တွေနဲ့ အမြဲ ညှို့ယူဖမ်းစားလေ့ရှိတဲ့ Mဆိုင်းလုက ယခုတစ်ခါမှာလည်း ငေးမောရလောက်အောင် အထာကျကျလန်းနေတဲ့ ပုံလေးတွကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာခဲ့ပြန်ပါတယ်နော်။ ပြစ်ချက်မရှိလှပတဲ့ သူမရဲ့ မျက်နှာလေးနဲ့ ဝင်းဝါစိုပြေတဲ့ အသားအရည်လေးတွေကြောင့် မြင်သူတိုင်း အားကျအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ တောင့်တင်းလှပတဲ့ ကောက်ကြောင်းအလှတွေကြောင့်လည်း ပုရိသတို့ အသည်းစွဲအားပေးချစ်ခင်ရတဲ့ အနုပညာရှင်ပါနော်...။ 

Photo credit - M SENG LU's FB page
Photo credit - M SENG LU's FB page

Mဆိုင်းလုက ကချင်တိုင်းရင်းသူတစ်ယောက်ဖြစ်ပြီး စကားသံဝဲဝဲလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် ပြောလေ့ရှိတာကိုလည်း​တွေ့ရပါတယ်။ ဆိုင်းလုက ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆိုင်းလုက Stay Homeကာလဖြစ်တာကြောင့် သူမရဲ့ အိမ်နေရင်း အမိုက်စားပုံရိပ်လေးတွေတင်ပေးလေ့ရှိနေပြီး ယနေ့မှာလည်း တင်ပေးလာခဲ့ပြန်ပါတယ်နော်။ 

Photo credit - M SENG LU's FB page
Photo credit - M SENG LU's FB page

ခါးလွတ်နေတဲ့ အမိုက်စားအင်္ကျီလေးကို ဝတ်ဆင်ကာ အထာကျကျပိုစ့်ပေးနေတဲ့ ပုံလေးတွေကို တင်ပေးလာရင်း " ဒီနေ့လဲ ထပ်တိုးပါတယ် ယူ့ကို လွမ်းတဲ့ စိတ်တွေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

ဆိုင်းလုရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါဦးနော်.....။ 

Photo credit - M SENG LU's FB page
Photo credit - M SENG LU's FB page

Photo credit - M SENG LU's FB page 

Source  - M SENG LU's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။