အချစ်ရေးမှာ လူအများက အားကျနေရတဲ့ စုံတွဲလေးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အဆိုတော်ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူကတော့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ထားရှိပြီး အမြဲ Romanticဆန်တဲ့ သူမတို့ စုံတွဲလေးက Relationshipသက်တမ်းအတော်ကြာပြီလည်းဖြစ်ပါတယ်။ ချစ်သူ ရဲရင့်အောင်ရဲ့ အလိုလိုက် ဂရုစိုက်မှုတွေကြောင့် စိတ်ချမ်းသာပျော်ရွှင်နေပြီး တစ်နေ့တခြား အလှတွေပိုတိုးနေတဲ့ ဧငြိမ်းဖြူကို မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေကြတာပဲဖြစ်ပါတယ်။

Photo credit - Aung Ye Linn photography

ဧငြိမ်းဖြူက အသံတိတ်သရုပ်ဆောင်တဲ့ ကတ်ဆတ်ဇာတ်လမ်းတွဲတွေက တစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို စတင်ရရှိခဲ့တဲ့ သူလေးပါ။ သူမရဲ့ အနုပညာအရည်အချင်းတွေကြောင့် အချိန်ခဏလေးအတွင်းမှာ အောင်မြင်မှုတွေများစွာရရရှိခဲ့တာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ပီပြင်ကောင်းမွန်ရုံသာမကပဲ အကပိုင်းမှာလည်း တော်လွန်းတဲ့ သူမက Cover danceတွေကိုလည်း ကပြဖျော်ဖြေလေ့ရှိသူပါ။

Photo credit - Aung Ye Linn photography
Photo credit - Aung Ye Linn photography

လတ်တလောမှာတော့ သူမက အနုပညာလှုပ်ရှားမှုလေးတွေကို ခေတ္တရပ်နားထားပြီး ကြွေရက်စရာ Photo shootingလေးတွေကိုသာ ရိုက်ကူးလေ့ရှိနေတာကိုလည်း တွေ့ရပါတယ်။ ယနေ့မှာလည်း မိန်းကလေးအချင်းချင်းကတောင် ငေးရလောက်တဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ကြည်ပြာလဲ့နေတဲ့ မျက်ဝန်းအစုံက စူးရှတောက်ပတဲ့အကြည့်တွေနဲ့ ကြည့်ကာ ဆွဲဆောင်မှုရှိရှိပိုစ့်ပေးထားတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။ 

Photo credit - Aung Ye Linn photography

Photo credit - Aung Ye Linn photography

Source - A Nyein Phyu's FB page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။