မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်လေးတွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး Photo Shooting လေးတွေရိုက်ကူးနေတာဖြစ်ပါတယ်။ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်လို့ အနုပညာလောကမှာ ရပ်တည်လာခဲ့တာ နှစ်တွေကြာမြင့်နေပါပြီနော်။ဖူးပွင့်သခင်ကတော့ သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Phoo Pwint Thakhin's Facebook Account
Photo Credit:Phoo Pwint Thakhin's Facebook Account

မကြာသေးခင်ရက်ပိုင်းအတွင်းမှာဆိုရင်လည်း အစ်ကိုလိုခင်မင်ရတဲ့ မင်းသားချောဟိန်းဝေယံနဲ့အတူ Photo Shooting လေးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဟိန်းဝေယံကလည်း ယနေ့အချိန်ထိတိုင် ချောမောခန့်ညားနေဆဲဖြစ်ပြီး မိန်းကလေးပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်နော်။ဖူးပွင့်သခင်နဲ့ ဟိန်းဝေယံတို့ အနုပညာမောင်နှမနှစ်ယောက်က ဇာတ်ကားတွေမှာလည်း အတွဲညီညီနဲ့ အတူတူသရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Heinn Wai Yan's Facebook Account
Photo Credit:Phoo Pwint Thakhin's Facebook Account
Photo Credit:Heinn Wai Yan's Facebook Account

အခုဆိုရင်လည်း ဟိန်းဝေယံနဲ့ဖူးပွင့်သခင်တို့က စုံတွဲသီချင်းလေးတွေနဲ့ Tik Tok ကို အတွဲညီညီ ဆော့ကစားထားတာဖြစ်ပါတယ်။ဖူးပွင့်သခင်တို့ နှစ်ယောက်လုံးက သရုပ်ဆောင်တွေဖြစ်ကြတာကြောင့် Tik Tok မှာလည်း အမူအရာကောင်းကောင်းနဲ့ ရိုက်ထားကြတာဖြစ်ပါတယ်။ဖူးပွင့်သခင်နဲ့ဟိန်းဝေယံတို့ကတော့ ကြည်ကြည်နူးနူးလေးနဲ့ ပျော်ရွှင်စွာကစားထားကြတာကြောင့် သူတို့ရဲ့Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Heinn Wai Yan's Facebook Account
Photo Credit:Phoo Pwint Thakhin's Facebook Account

Photo Credit:Phoo Pwint Thakhin's Facebook Account

Source&Video Credit:Phoo Pwint Thakhin's Tik Tok Acc

@phoopwintthakhin09

original sound - Myint Htun Aung
@phoopwintthakhin09

original sound - June Wine
@phoopwintthakhin09

original sound - June Wine
@phoopwintthakhin09

original sound - Lu Lu
@phoopwintthakhin09

original sound - Thar TiHa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။