ပရိသတ်ကြီးရေ ထက်အောင်ရှိုင်းကတော့ တောင့်တင်းကျစ်လစ်တဲ့ Body နဲ့ ရုပ်ရည်စတိုင် အနေအထားတွေကြောင့် မိန်းမလှလေးတွေကြားမှာ ရေပန်းစားနေတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

ထက်အောင်ရှိုင်းက အခုဆိုရင် အနုပညာအလုပ်တွေကို ခြေလှမ်းစနေပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်။သူရိုက်ကူးတဲ့ ဇာတ်ကားများဟာဆိုရင်လည်း ဇာတ်ရုပ်အမျိုးမျိုးကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူဖြစ်လို့ ပရိသတ်တွေက အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ထက်အောင်ရှိုင်းက စိတ်ထားကောင်းပြီး ဖော်ရွေသူတစ်ယောက်ဖြစ်လို့ အပေါင်းအသင်းသူငယ်ချင်းတွေလည်း ပေါများသူလေးဖြစ်ပါတယ်နော်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

သူငယ်ချင်းတွေနဲ့လည်းမကြာခဏဆိုသလို စနောက်ကာ မျက်နှာပြောင်ထားတဲ့ tik tok ဗီဒီယိုလေးတွေကိုလည်း ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း tik tok မှာ နာမည်ကြီးနေတဲ့ အိန္ဒိယသီချင်းလေးနဲ့ ပြန်လည်သရုပ်ဆောင်ကာ အမိုက်စားရိုက်ထားတဲ့ ဗီဒီယိုလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ထက်အောင်ရှိုင်းတစ်ယောက် ချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ထက်အောင်ရှိုင်းရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account
@htetaungshinee

##foryoupage

♬ original sound - Aung Moe Kyaw

Source : Htet Aung Shine Tik Tok Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။