ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးဟေကို ကတော့ သရုပ်ဆောင်လောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာ နဲ့ ရုပ်ရှင်ဇာတ်တွေထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိကပ်ရောဂါ အချိန်ကာလလေးမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေပြီး ချစ်ရတဲ့သူတွေနဲ့ အတူတူ အနားယူနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)
Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)
Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)

မင်းသမီးချော မိုးဟေကို က ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဆန်ဆန်ဝတ်စုံလေးတွေအပြင် ခေတ်ပေါ်ဖက်ရှင်ဝတ်စုံလေးတွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ photo shooting တွေကို ရိုက်ကူးရင်း ပရိသတ်တွေအတွက်လည်း အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာတော့ မိုးဟေကို က မိန်းကလေး ပရိသတ်တွေ အားကျချစ်ခင်လောက်မယ့် အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)
Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)
Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)

ဒီပုံလေးတွေထဲမှာတော့ မိုးဟေကို က ဆန်းသစ်တဲ့ အလန်းစားဖက်ရှင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ အထာကျကျ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖက်ရှင်ဝတ်စုံလေးကလည်း သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပိုပြီး ပေါ်လွင်နေတာကို တွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အလန်းစားဖက်ရှင်ဝတ်စုံလေးနဲ့ လှရက်လွန်းနေတဲ့ မိုးဟေကို ရဲ့ အမိုက်စားပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)
Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)
Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)

Photo Credit - အောင်ကျော်ထွန်း (ရုပ်မြင်သံကြား စတူဒီယို)

Source - Moe Hay Ko fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။