အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ တေးသံရှင်အေးမြဖြူကတော့ အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။အေးမြဖြူက ကလေးဘဝကတည်းက အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေလည်းပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်နော်။အေးမြဖြူကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများအပြားရှိပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတာဖြစ်ပါတယ်။


အေးမြဖြူက သီချင်းအသစ်လေးတွေလည်း ဆက်လက်ထွက်ရှိထားပြီး ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ခေတ်ပေါ်သီချင်းတွေကိုလည်း သီဆိုတဲ့အပြင် မြန်မာသံစဉ်တွေကိုပါပိုင်နိုင်တာကြောင့် အေးမြဖြူရဲ့ အနုပညာအရည်အသွေးတွေကို ပရိသတ်တွေက ချီးကျူးနေကြတာပဲဖြစ်ပါတယ်။အေးမြဖြူရဲ့ အသံလေးကတော့ နားထောင်သူရဲ့စိတ်လေးကို အေးမြသွားစေနိုင်လောက်တဲ့ အသံပါရမီရှင်လေးပဲဖြစ်ပါတယ်နော်။



အေးမြဖြူက သီချင်းဆိုတာကောင်းတဲ့အပြင် မြန်မာအကကိုပါ ပိုင်ပိုင်နိုင်နိုင် ကတတ်ပါသေးတယ်နော်။အခုဆိုရင်လည်း အေးမြဖြူက မြန်မာအက မကတာ အတော်ကြာနေပြီဖြစ်လို့ သေချာသင်ကြားပြီး လေ့ကျင့်နေတာဖြစ်ပါတယ်။ခေါင်း၊ခါး၊ခြေ၊လက်ကို သေချာလှုပ်ရှားပြီး မျက်နှာလေးက ပြုံးရွှင်ကာ အကလေ့ကျင့်နေတဲ့ အေးမြဖြူရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit:Aye Mya Phyu's Facebook Page
Source&Video Credit:Aye Mya Phyu's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။