ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေ ရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ လင်းဇာနည်ဇော်ရဲ့ ချစ်သမီးချောလေး မြူလင်းကိုကိုကလည်း ပါဝင်ပါတယ်နော်..။

ဖြူဖွေးဝင်းဥနေတဲ့ အသားအရေနဲ့ ချောမောကာချစ်စရာကောင်းတဲ့ မျက်နှာလေးတွေက နိုင်ငံခြားသူလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတာကြောင့် ယောကျ်ားလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် မိန်းကလေး ပရိသတ်တွေကပါ ချစ်ခင်နေကြသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Myu Linn Ko Ko's Fb Account
Photo Credit - Myu Linn Ko Ko's Fb Account

မိခင်ဖြစ်သူရဲ့ အနုပညာအမွေတွေရရှိထားကာ အနုပညာအလုပ်တွေကိုလည်း စိတ်ပါဝင်စားတဲ့ မြူလင်းလေးကတော့ ပထမဆုံးအနုပညာလှုပ်ရှားမှုလေးအဖြစ် သီချင်းMTVလေးတစ်ခု သရုပ်ဆောင်ရိုက်ကူးခဲ့ရပြီး သူမတို့သားအမိတွေအကြောင်း ပြောပြလာပါတယ်နော်..။

မြူလင်းလေးကတော့ မိခင်ဖြစ်သူရဲ့ ရွှေခေါက်ဆွဲဆိုင်မှာ ဝိုင်းကူပေးနေပြီး

အလုပ်လောဘကြီးသလို လုပ်ချင်တာလေး လုပ်တတ်တဲ့ သူမရဲ့အကြောင်းလေးတွေကို ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Myu Linn Ko Ko's Fb Account
Photo Credit - Myu Linn Ko Ko's Fb Account

"မြူလင်းက လုပ်ချင်တာ လုပ်တတ်တဲ့ အကျင့်ရှိတယ် တစ်ခါတစ်လေကျရင်လည်း မေကြီးဆီက အကူအညီတောင်းပြီး နှစ်ယောက်အတူ တိုင်ပင်ပြီးလုပ်တယ် တိုင်ပင်ပြီးလုပ်လိုက် လုပ်ချင်တာလုပ်လိုက်နဲ့

အနုပညာအလုပ်တွေကတော့ မြူလင်းမေမေကို ဖုန်းဆက်တာဆိုတော့ မေမေလက်ခံမှ မြူလင်းက သိရတာလေ မြူလင်းကကျတော့ ဘာမဆိုလုပ်ချင်နေဆိုတော့ မြူလင်းအမေက ပြောပြပေးပါတယ်.." ဆိုပြီး ပြောပြထားတာပါနော်..။

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အမြဲတမ်းဇာတ်ကားတွေကြည့်ပြီး ကိုယ့်ဘာသာ အိုင်တင်တွေ ကျင့်ဖြစ်တဲ့အကြောင်း ပြောပြထားတဲ့ မြူလင်းလေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Myu Linn Ko Ko's Fb Account
Photo Credit - Myu Linn Ko Ko's Fb Account

Photo Credit - Myu Linn Ko Ko's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။