ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်တဲ့ ဖူးပွင့်သခင်က ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။ဖူးပွင့်သခင်က ချစ်မွှေးပါတဲ့ မျက်နှာလှလှလေးကိုပိုင်ဆိုင်ထားပြီး သဘောကောင်းဖော်ရွေသူလေးဖြစ်လို့ လူချစ်လူခင်လည်းပေါများနေတာဖြစ်ပါတယ်။


ဖူးပွင့်သခင်က မင်းသားချောဟိန်းဝေယံနဲ့လည်း ဇာတ်ကားတွေအတူတူတွဲရိုက်ဖူးတာဖြစ်လို့ အနုပညာမောင်နှမနှစ်ယောက်က ခင်မင်ရင်းနှီးကြပါတယ်နော်။ဟိန်းဝေယံကလည်း အခုချိန်ထိတိုင် ချောမောခန့်ညားနေဆဲဖြစ်တဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားလို့ နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်ဝန်းရံအားပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဖူးပွင့်သခင်နဲ့ ဟိန်းဝေယံတို့ အနုပညာမောင်နှမနှစ်ယောက်က အတူတူတွဲပြီး Tik Tok ကစားထားကြတာဖြစ်ပါတယ်နော်။



ဟိန်းဝေယံနဲ့ဖူးပွင့်သခင်တို့ကတော့ "ကိုကြီး"သီချင်းလေးနဲ့ အတွဲညီညီသရုပ်ဆောင်ကာ Tik Tok ကို ပထမဆုံးဆော့ထားကြတာဖြစ်ပါတယ်။ဖူးပွင့်သခင်က"ကိုကြီး နည်းနည်းလေးတော့ဝါးချမယ် အခုမှ ဖူးနဲ့ tiktok စဆော့ဖူးလို့ပါ"ဆိုပြီး အနုပညာမောင်နှမနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာတာဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း ဖူးပွင့်သခင်နဲ့ဟိန်းဝေယံတို့ရဲ့ Tik Tok လေးကို ကြည့်ရှု့အားပေးရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit:Phoo Pwint Tha Khin&Hein Wai Yan's Facebook Account
Source&Video Credit:Phoo Pwint Tha Khin's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။