ပရိသတ်ကြီးရေ တည်ကြည်ခန့်ညားမှုတွေနဲ့ နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းတွေကို အချိန်အတိုတွင်း ခြွေချနိုင်ခဲ့တဲ့ သူကတော့ MRTV-4 မင်းသားချောလေး ကျော်ထက်ဇော် ပဲဖြစ်ပါတယ်။ ကျော်ထက်ဇော် ကတော့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးထဲကနေ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အပြည့်အဝရရှိခဲ့တဲ့ မင်းသားချောဆိုရင်လည်း မမှားပါဘူးနော်..။ လက်ရှိမှာတော့ ကပ်ရောဂါကြောင့် ခဏတာ ရပ်နားထားခဲ့ရတဲ့ အနုပညာအလုပ်တွေကို ယခုမှာပြန်လည်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။

Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account

ကျော်ထက်ဇော် ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေနဲ့ ခရီးတွေဆက်တိုက်ထွက်နေရတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူရောက်ရှိခဲ့တဲ့ နေရာတိုင်းမှာလည်း အမှတ်တရရိုက်ထားခဲ့တဲ့ ပုံလေးတွေကိုအမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင် ပရိသတ်တွေချစ်အားပိုလောက်မယ့် ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw fb account
Photo Credit - Kyaw Htet Zaw fb account

ဒီပုံလေးတွေ ထဲမှာတော့ ကျော်ထက်ဇော်က လိုက်ဖက်တဲ့ ဖက်ရှင်ဝတ်စုံလေးကို စမတ်ကျကျ ဝတ်ဆင်ထားပြီး ရေခဲမုန့်လေးကိုကိုင်ကာ နှုတ်ခမ်းနီမလေးတွေ အသည်းယားလောက်မယ့်အမူအရာလေးတွေနဲ့ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ကျော်ထက်ဇော် က " နှစ်ယောက်တူတူသာ စားခွင့်ရရင် ပိုအရသာရှိမှာဗျ လာခဲ့လေစောင့်နေမယ် " ရေးသားဖော်ပြထားပါတယ်။ ကဲ...ချစ်ပရိကြီးရေ ယခုမှာတော့ တည်ကြည်ခန့်ညားမှုတွေ နဲ့ အထာကျကျ ပို့စ်ပေးနေတဲ့ ကျော်ထက်ဇော် ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Htet Zaw fb account

Source - Kyaw Htet Zaw fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။