ပရိသတ်ကြီးရေ တမူထူးခြားတဲ့ တည်ကြည်ခန့်ညားမှုတွေနဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲအားပေးဝန်းရံခြင်းကိုရရှိတဲ့ သူကတော့ တက်သစ်စ မင်းသားချောလေး ဟိန်းထက် ပဲဖြစ်ပါတယ်။ ဟိန်းထက် ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများစွာကို ပါဝင်သရုပ်ဆောင်ထားသလို ကြော်ငြာလေးတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ မကြာသေးမှီ က ထုတ်လွှင့်ပြသလို့ပြီးသွားခဲ့တဲ့ "ဂျီဟောသူ" ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။

Photo Credit - Hein Htet fb account
Photo Credit - Hein Htet fb account

လတ်တလောမှာတော့ ဟိန်းထက် က အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် photo shooting လေးတွေကိုလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို အိမ်မှာနေရင်း အပျင်းပြေဆော့ကစားထားတဲ့ tiktok ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်တော့ မင်းသားချောလေး ဟိန်းထက် က ကြည့်မိသူတိုင်း ကြည်နူးပီတိဖြစ်လောက်မယ့် ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။

Photo Credit - Hein Htet fb account
Photo Credit - Hein Htet fb account

ဒီ ဗီဒီယိုလေးကတော့ ဟိန်းထက် က ချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ဦးရဲ့ မွေးနေ့လေးအတွက် ကိုယ်တိုင်သွားရောက်ပြီး surprise လုပ်ပေးခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုလေးထဲမှာတော့ လုံးဝမထင်မှတ်ထားတဲ့ မွေးနေ့ရှင်ပရိသတ်တစ်ဦး ရဲ့ အံ့သြမှုတွေနဲ့ အတူ ဝမ်းသာမှုတွေကတော့ ကြည့်မိသူတိုင်း ကြည်နူးပီတိဖြစ်ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အားပေးချစ်ခင်တဲ့ ပရိသတ်တစ်ဦးနဲ့ မွေးနေ့လေးကို surprise လုပ်ပေးခဲ့တဲ့ ဟိန်းထက် ရဲ့ ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Hein Htet fb account

Source -Hein Htet fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။