မင်းသားချော စိုးရန်အောင်နဲ့ မင်းသမီးချောလေး သက်သခင်တို့ကတော့ နှစ်ကိုယ်တူဘဝလေးတစ်ခုကို ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ အရမ်းချစ်ကြတဲ့ ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝကို ပြောင်းလဲခဲ့ကြတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့စုံတွဲလေးကတော့ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလှတာ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက ဇာတ်ကားတွေရိုက်ကူးရင်း အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Soe Yan Aung's FB Acc
Photo Credit-Thet Thakhin's FB Acc
Photo Credit-Wai Yan Myo Aung

အခုဆိုရင်တော့ သက်သခင်က သူတို့ဇနီးမောင်နှံရဲ့ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေး
ကို ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်သက်တမ်း(၅) လရှိနေပြီဖြစ်တဲ့ သက်သခင်ကိုတော့ ခင်ပွန်းဖြစ်သူစိုးရန်အောင်ကလည်း ဘေးကနေ ဂရုတစိုက်နဲ့ကြင်နာပေးနေတာ ဖြစ်ပါတယ်။ အခုလည်း စိုးရန်အောင်က ကိုယ်ဝန်ဆောင်ချစ်ဇနီးလေးရဲ့မွေးနေ့မှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ပန်းစည်းလေးနဲ့ Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။  

Photo Credit-Wai Yan Myo Aung
Photo Credit-Soe Yan Aung's FB Acc
Photo Credit-Soe Yan Aung's FB Acc

စိုးရန်အောင်က " Happy Birthday ပါ မိန်းမရေ ...အသက်တွေလည်း တဖြည်းဖြည်းကြီးလာတဲ့အပြင် နောက်ဆိုရင် သားလေးမေမေဖြစ်တော့မယ်လေ ကလေးတစ်ယောက်လို ဆိုးတာတွေလျှော့ပါတော့..မိဘတွေရဲ့စကား ယောက်ျားရဲ့စကားနားထောင်နော်...ဒီနှစ်တော့ ပန်းစည်းလေးကို ဆိုင်တွေကမမှာတော့ဘူးလေ မိန်းမအတွက် Surprise ဖြစ်အောင် ကိုယ်တိုင်လုပ်ပေးတာနော် Happy happy birthday " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးရန်အောင်တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Soe Yan Aung's FB Acc

Photo Credit-Soe Yan Aung's FB Acc
Photo Credit-Soe Yan Aung's FB Acc
Photo Credit-Thet Thakhin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။