မင်းသားချောလေး ရှင်မွေလကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ရှင်မွေလက " ပျားရည်အိုင်၊ နှင်းဆီ၊ တတိယမြောက်ဆုံမှတ်" စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ထူးချွန်သလို ရုပ်ရည်ကလည်း ချောမောခန့်ညားတဲ့ ရှင်မွေလက ပျိုပျိုမေတွေကြွေမယ်ဆိုရင်လည်း ကြွေနိုင်လောက်တာ ဖြစ်ပါတယ်။
ရှင်မွေလက ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မာန်မာနကင်းပြီး ပျော်ပျော်နေတတ်တဲ့ ရှင်မွေလက ပရိသတ်တွေအတွက် အခွီဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးတင်ဆက်ပေးတတ်တာ ဖြစ်ပါတယ်။ အခုလည်း ရှင်မွေလက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး Tik Tok ကစားထားတဲ့ဗီဒီယိုလေးကို တင်ထားပါတယ်။
ရှင်မွေလက " အုပ်စုလိုက်ဝါးချတာ ကျွတ်ဆင်ကြီး" ဆိုပြီး ထိုင်းသီချင်းလေးကိုသံယောင်လိုက်ဆိုရင်း ပျော်နေတဲ့ သူတို့သူငယ်ချင်းတစ်စုရဲ့ဗီဒီယိုလေးကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ရှင်မွေလကတော့ ရှေ့ဆုံးကနေ ကင်မရာကိုင်ထားကာသီချင်းဆိုရင်း သူငယ်ချင်းတွေကလည်း အနောက်ကနေ တပျော်တပါးကြီးလိုက်ကနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရှင်မွေလတို့သူငယ်ချင်းတစ်စုရဲ့ အခွီ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Video Credit-Shin Mwe La's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။