မင်းသားချောလေးကောင်းခန့်ကတော့ တစ်ချိန်ကအနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျရာနေရာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ကောင်းခန့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေအပြင် ကြော်ငြာတွေကိုပါ ရိုက်ကူးခဲ့တဲ့ ကောင်းခန့်ကတော့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Kaung Khant 's facebook acc
photo credit : Kaung Khant 's facebook acc

အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ ကောင်းခန့်ကတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသမီးလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ မင်းသားချောလေးကောင်းခန့်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို မိသားစုနဲ့အတူ ဖြတ်သန်းလျက်ရှိနေပါတယ်။ အနုပညာအလုပ်တွေနဲ့ ဝေးကွာလျက်ရှိနေတဲ့ ကောင်းခန့်ကတော့ မိသားစုကို အပြည့်အဝအချိန်ပေးလျက်ရှိနေပါတယ်။

photo credit : Kaung Khant 's facebook acc
photo credit : Kaung Khant 's facebook acc

ကောင်းခန့်ကတော့ ယခုမှာ သရဲခြောက်တယ်ဆိုပြီး အရမ်းနာမည်ကြီးတဲ့ အိမ်ကြီးကို သွားရောက်ကာ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ကောင်းခန့်ကတော့ " သရဲခြောက်တယ်ဆိုတဲ့ အိမ်ကြီးနဲ့ TV channel တခုရဲ့ Program တခုမှာ ဝိညာဉ် တခု ဖြတ်သွားတယ်ဆိုတာ မြင်လိုက်ရတဲ့ အိမ်ကြီးမှာပေါ့ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ကောင်းခန့်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: Kaung Khant 's facebook acc

photo credit : Kaung Khant 's facebook acc
photo credit : Kaung Khant 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။