နာမည်ကြီးမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ လုလုအောင်ကတော့ ပုရိသတွေကြားမှာ အရမ်းကိုရေပန်းစားအောင်မြင်နေတဲ့ မိန်းမလှလေးတစ်ဦး ဖြစ်ပါတယ်။ ကလေးမေမေဖြစ်ပေမယ့် လူငယ်လေးတစ်ယောက်လို အရွယ်တင်နုပျိုလွန်းတဲ့ လုလုအောင်က ရုပ်ရည်လေးကလည်း ချောမောလှပနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လုလုအောင်က အမိုက်စား Body လေးနဲ့ ကြွေချင်စရာကောင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

Photo Credit-LuLu aung's FB Page
Photo Credit-LuLu aung's FB Page
Photo Credit-LuLu aung's FB Page

အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ လုလုအောင်က Photo Shooting လေးတွေ ရိုက်ကူးခဲ့ရသလို ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ နုပျိုလှပနေတဲ့ ခေးကြီးလုက အရင်ကထက်ပိုပိုပြီး လှလာတာပဲ ဖြစ်ပါတယ်။ ခေးကြီးလုက လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပြီး အခုလည်း အလန်းစားဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတာဖြစ်ပါတယ်။

Photo Credit-LuLu aung's FB Page
Photo Credit-LuLu aung's FB Page
Photo Credit-LuLu aung's FB Page

လုလုအောင်က နေကာမျက်မှန်တစ်လက်နဲ့ အထာကျကျပို့စ်လေးတွေပေးကာ အပီအပြင်ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တွေကို သူမရဲ့ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီအတိုလေးကို ဝတ်ဆင်ထားတဲ့ လုလုအောင်ကတော့ ဖက်ရှင်ကျပြီး အပြတ်လန်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေးကြီးလုလုအောင်ရဲ့အမိုက်စားအလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-LuLu aung's FB Page  

Photo Credit-LuLu aung's FB Page
Photo Credit-LuLu aung's FB Page
Photo Credit-LuLu aung's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။