တေးသီချင်းလောကမှာ နေရာတစ်နေရာရလာတဲ့ အဆိုတော်ပိုပိုကတော့ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပိုပိုက သီချင်းလေးတွေကို ခံစားချက်အပြည့်နဲ့ ကိုယ်တိုင်ရေးစပ်ပြီး သီဆိုတာကြောင့် ပရိသတ်တွေရဲ့နှလုံးသားထဲကို တိုက်ရိုက်ဝင်ရောက်ပါတယ်နော်။ပိုပိုရဲ့သီချင်းဟောင်းလေးတွေကိုလည်း ပရိသတ်တွေက နားထောင်နေကြဆဲဖြစ်ပြီး လတ်တလောမှာထွက်ရှိထားတဲ့ သီချင်းသစ်လေးတွေကိုလည်း ကြိုက်နှစ်သက်နေကြတာဖြစ်ပါတယ်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

ပိုပိုကတော့ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်သလို အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက်လုပ်ဆောင်တဲ့သူဖြစ်ပါတယ်။ပိုပိုက စိတ်ထားလေးလည်းဖြူစင်ပြီး မာန်မာမကြီးဘဲ လူတိုင်းကိုဖော်ရွေစွာဆက်ဆံတတ်လို့ ပရိသတ်တွေကသူမကိုချစ်နေရတာဖြစ်ပါတယ်။ပိုပိုက အရင်ကထက်လည်း ပိုလှလာပြီး လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဆောင်တာကြောင့် ခန္ဓာကိုယ်လေးက သွယ်လျလှပလို့နေပါတယ်နော်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

ပိုပိုကတော့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးလေ့ရှိပါတယ်။Tik Tok လေးတွေကိုလည်း မကြာခဏကစားတတ်တာကြောင့် အခုဆိုရင်လည်း အမိုက်စားကကွက်တွေနဲ့ ခါးလေးကိုလှုပ်ပြီး ကထားတာဖြစ်ပါတယ်။ပိုပိုက Gym ကိုရောက်နေချိန်လေးမှာ လေ့ကျင့်ခန်းလုပ်ရင်း Tik Tok လေးကိုလည်း အပီအပြင်ကစားထားတာကြောင့် သူမရဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:ပိုပို Facebook Page
Photo Credit:ပိုပို Facebook Page

Photo Credit:ပိုပို Facebook Page

Source&Video Credit:ပိုပို Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။