ဩဂုတ်လ ၂၀ရက်နေ့ကတော့ ပြည်သူချစ်မင်းသမီးကြီး ဖွားဖွား ဒေါ်ခင်လေးဆွေရဲ့ ၈၈နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ အဖြူအမဲခေတ်ကတည်းက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သူမက အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပီပြင်လှတဲ့ သရုပ်ဆောင်အရည်အချင်းတွေကြောင့် ပရိသတ်တွေက အားပေးချစ်ခင်နေကြပြီး ယနေ့တိုင် သူမရဲ့ ဇာတ်ကားတွေကလည်း ရိုးမသွားပဲ ကြည့်ကောင်းနေဆဲဖြစ်ပါတယ်။
အသက်အရွယ်ကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပေမယ့် မြေးမလေး စမိုင်းလ်က ဖွားဖွားရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတာလည်းဖြစ်ပါတယ်။ စမိုင်းလ်ကလည်း ဖွားဖွားရဲ့ အနုပညာအမွေကို ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပြီး ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူလေးပါ။ မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကို မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတဲ့ စမိုင်းလ်က ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်..။
ပြည်သူချစ် မင်းသမီးကြီး ဖွားဖွား ဒေါ်ခင်လေးဆွေရဲ့ ၈၈နှစ်ပြည့်မွေးနေ့လေးကို မြေး၊ မြစ်တွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်စရာတွေဖန်တီးနေပြီး ကိတ်ခွဲနေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ဖွားဖွားရဲ့ ဝမ်းသာပီတိဖြစ်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာရင်း " မနေ့ညကအဖွားရဲ့မွေးနေ့ ၈၈နှစ်ပြည့် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး ဖွားဖွား ဒေါ်ခင်လေးဆွေကို မွေးနေ့ဆုတောင်းစကားပြောပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...။
Photo credit - စမိုင်းလ် Smile's facebook page
Source - စမိုင်းလ် Smile's facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။