ချစ်ပရိသတ်ကြီးရေ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမူကိုတစ်ခဲနက်ရရှိထားပြီး အောင်မြင်ကျော်ကြားနေတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
ဖြူဖြူကျော်သိန်းက စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး ရိုးသားတဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေကအချစ်ပိုနေကြတာ အမှန်ပါပဲနော်။


ဖြူဖြူကျော်သိန်းအနေနဲ့ တေးသီချင်းကောင်းတွေ အမြောက်အမြားဖန်တီးခဲ့ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်းက သီချင်းကောင်းတွေသီဆိုတတ်ပြီး သူမရဲ့ သီချင်းတွေကလည်း ပရိသတ် အကြိုက်တွေ့စေခဲ့တာပါနော်။ သူမက ယခုမှာတော့ တေးသီချင်းအသစ်တွေ ထွက်ရှိဖို့ ကြိုးစားနေပြီး လှုပ်ရှားမှုပုံရိပ်တိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။



ဖြူဖြူကျော်သိန်းက ယနေ့မှာတော့ သဝန်တိုတာ အရမ်းချစ်လို့ သီချင်းလေးကို ကျော်ထက်အောင်နဲ့အတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ စိတ်ကောက်နေတဲ့ ကျော်ထက်အောင်ရဲ့ ဘေးမှာ ချွဲချွဲနွဲ့နွဲ့လေး ချော့နေတဲ့ ဖြူဖြူကျော်သိန်းက ရိုက်ကွင်းနောက်ကွယ်က ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။



Photo credit - Dior By Heart
Source - Phyu Phyu Kyaw Thein's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။