ပရိသတ်ကြီးရေ.. နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးကတော့ ပြည်သူချစ်မင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် အိန်ဂျယ်လမုန်ပဲ ဖြစ်ပါတယ်နော်..။

ချောမောပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးအပြင် ဖြူဖွေးဝင်းဥတဲ့အသားအရည်၊ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ အေးချမ်းတဲ့အပြုံးလှလှလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေဖြစ်ပြီး ပရိသတ်တွေကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်..။


Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page

ပရိသတ်အချစ်တော်လေး အိန်ဂျယ်လမုန်ကတော့ ခရီးတွေ မကြာခဏထွက်ရှိနေတာဖြစ်ပြီး လတ်တလောမှာလည်း ကရင်ပြည်နယ်၊ ဘားအံမှာရှိတဲ့ တောင်ဝိုင်းတောင်ကို အလည်အပတ်ရောက်ရှိနေကာ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အလွမ်းပြေစေပြန်ပါတယ်နော်..။

မြင်သူတိုင်း အရောက်သွားချင်လောက်အောင် လှပလွန်းတဲ့ သဘာဝရှုခင်းတွေနဲ့ ပြည့်နှက်နေတဲ့ တောင်ဝိုင်းတောင်ရဲ့ တောင်ထိပ်လေးမှာ လွတ်လပ်ပေါ့ပါးစွာ အလွင့်လေး ဓာတ်ဖမ်းနေတဲ့ အိန်ဂျယ်လေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို အမိုက်စားလေးပါပဲနော်..။


Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page

“တောင်ဝိုင်းပေါ်ရောက် အားရှောင်..” ဆိုပြီး တောင်ပေါ်မှာ လွတ်လပ်ပျော်ရွှင်စွာ အမိုက်စားဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို အိန်ဂျယ်က ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း အလွင့်လေး ရိုက်ကူးထားတဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျအချစ်ပိုနေကြပြီး အပျော်လေးတွေ ကူးစက်စေတဲ့အကြောင်းလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Angel Lamung's Fb Page
Photo Credit - Angel Lamung's Fb Page

Source & Photo Credit - Angel Lamung's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။