ပရိသတ်ကြီးရေ......ခန္ဓာကိုယ် ပြည့်ပြည့်တင်းတင်းလေးနဲ့ ချစ်စရာကောင်းပြီး ပုရိသတွေရဲ့ အသည်းစွဲမင်းသမီးများထဲတွင် ဆုအိမ့်စံလည်းအပါအ၀င်ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးအနေနဲ့ ဆုဆုလို့ခေါ်ကြတဲ့ ဆုအိမ့်စံဟာ ဗီဒီယိုဇာတ်ကားများ၊ ကြော်ငြာများနဲ့ အနုပညာလောကထဲ စတင်၀င်ရောက်လာတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်ခင်အားပေးမှု အပြည့်အ၀ရရှိထားတဲ့သူလေးပါနော်။


Photo credit-Hsu Eaint San's Facebook page
Photo credit-Hsu Eaint San's Facebook page

ဆုဆုလေးရဲ့အဆီပိုမရှိ ကျစ်လျစ်လှပတဲ့ ဘော်ဒီမိုက်မိုက်လေးကြောင့်လည်း ပုရိသတွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်နော်။ ဆုအိမ့်စံဟာ မြန်မာ၀တ်စုံလေးတွေကို နှစ်ခြိုက်စွာ၀တ်ဆင်လေ့ရှိတဲ့သူဖြစ်ပြီးတော့ သူမနဲ့လည်းအင်မတန်ကိုလိုက်ဖက်မှုရှိလွန်းနေတာလည်း တွေ့ရပါတယ်နော်။


Photo credit-Hsu Eaint San's Facebook page
Photo credit-Hsu Eaint San's Facebook page

မကြာသေးမီကလည်း ဆုအိမ့်စံဟာသူမရဲ့ Facebookစာမျက်နှာမှာ အဖြူရောင်ပါတိတ်၀မ်းဆက်လေးကို၀တ်ဆင်ထားပြီး မြင်သူတိုင်းရင်အေးစေတဲ့ အလှတရားလေးနဲ့ပြည့်စုံနေတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ဆုဆုလေးကတော့ ကြာလေချစ်စရာကောင်းနေလေပါပဲနော်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Hsu Eaint San's Facebook page
Photo credit-Hsu Eaint San's Facebook page

Source-Hsu Eaint San's Facebook page

Photo credit-Hsu Eaint San's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။