ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကလည်း အပါအဝင်ပါပဲ..။
ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ သံသာမိုးသိမ့်ကတော့ ကျော့ရှင်းပြီး ချစ်စရာကောင်းတာမို့ ယောကျ်ားလေး မိန်းကလေးပရိသတ်တွေမရွေး အားလုံးက ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်နော်..။


ပရိသတ်အချစ်တော်လေး သံသာမိုးသိမ့်ဟာ ပြီးခဲ့တဲ့ရက်တွေက လူမှုကွန်ယက်ပရိသတ်တွေကြား လူပြောများနေတဲ့ HD ထွက်တယ်ဆိုတဲ့ သူမရဲ့ ကောလဟာလသတင်းတွေနဲ့ ပတ်သက်ပြီး အခုတစ်ခါမှာတော့ ပြန်လည်ဖြေရှင်း ပြောပြလာပါတယ်နော်..။
အဆိုပါ ကောလဟာလသတင်းတွေကြောင့် ပထမတော့ အရမ်းကို စိတ်တိုလို့ တော်တော်ဆိုးဆိုးဝါးဝါးလုပ်ဖို့ စဉ်းစားထားပေမယ့် နောက်ပိုင်းမှာတော့ လျစ်လျူရှု့လိုက်တဲ့ အကြောင်းလေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။


သူမကို နာမည်ဖျက်တဲ့ သတင်းတွေကြောင့် မိခင်ဖြစ်သူကလည်း စိတ်ဆိုးခဲ့ပြီး သူမကိုယ်တိုင်ကလည်း မဟုတ်တာကို ဘာလို့ခေါင်းစဉ်တပ် ပြောနေကြတာလဲဆိုပြီး စိတ်တိုခဲ့ပေမယ့် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သည်းခံတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။
“အဲ့လောက်လေးနဲ့ စိတ်တွေထိခိုက်နေရင်လည်း အနုပညာရှင်တစ်ယောက် ဘယ်လိုလုပ်လို့ ရတော့မှာလဲ တိုက်ခိုက်တာကိုတော့ ခံရမှာပဲ.. Fb မှာ စာတင်လိုက်တာကလည်း ကိုယ်မဟုတ်တဲ့အကြောင်း ပြန်ရှင်းပြတဲ့ သဘောပါပဲ..” ဆိုပြီး ပြောပြထားတဲ့ သံသာမိုးသိမ့်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo Credit - Than Thar Moe Theint - သံသာမိုးသိမ့် Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။