ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ပဲဖြစ်ပါတယ်။ သူမ ထွက်ရှိတဲ့ သီချင်းတွေကလည်း လတ်တလောလူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့ သီချင်းကောင်းတွဖြစ်ပြီး နောက်ထပ်လည်း ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းတွေကို ဖန်တီးနေတာကိုတွေ့ရပါတယ်။ လက်ရှိမှာ စန္ဒီမြင့်လွင်ကတော့ ချစ်စရာသမီးလေးနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

Photo Credit -Khin Lin Htin's fb account
Photo Credit -Khin Lin Htin's fb account

ချစ်စရာကောင်းတဲ့ သမီးလေး နာမည်လေးကိုတော့ Treasure လေးလို့ ပေးထားကာ ဖေဖေမေမေတွေရဲ့ အသည်းကျော်လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သမီးလေး Treasure ကတော့ ဝဝကစ်ကစ်လေးနဲ့ တစ်နေ့တခြား မေမေ စန္ဒီမြင့်လွင် နဲ့ပိုပြီးတူလာကာ ချစ်စရာကောင်းနေတာပဲဖြစ်ပါတယ်။ မေမေ စန္ဒီမြင့်လွင် ဟာ နေ့စဉ်ဆိုလို သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း သမီးလေး Treasure ကို အချစ်ပိုစေအောင် အသည်းယားစရာ ပုံလေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။

Photo Credit -Khin Lin Htin's fb account
Photo Credit -Khin Lin Htin's fb account

ယခုမှာလည်း မေမေ စန္ဒီမြင့်လွင် က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် သမီးလေး Treasure ရဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်နော်။ ဒီပုံလေးတွေထဲမှာတော့ သမီးလေး Treasureက နှုတ်ခမ်းလေးထော်ထော်ပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပို့စ်လေးပေးနေတာဖြစ်ပါတယ်။ Treasure လေးရဲ့ page မှာတော့ ဒီပုံလေးတွေနဲ့လည်း " Treasure အတွက်မွေးနေ့လက်ဆောင်များကြီးပို့ပေးလို့ Plume small ကအန်တီကိုကျေးဇူးများကြီးတင်ပါတယ်ရှင် အန်တီရေနောက်လည်းပို့ပေးနော်" ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မွေးနေ့လက်ဆောင်လေးတွေ ရလို့ ပြုံးပျော်ရွှင်နေတဲ့ ချစ်စရာ Treasure လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Khin Lin Htin's fb account
Photo Credit -Khin Lin Htin's fb account

Photo Credit -Khin Lin Htin's fb account

Source -Khin Lin Htin's fb account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။