ပရိသတ်ကြီးရေ မင်းသမီး ခင်ဝင့်ဝါ က မော်လ်ဒယ်လောကမှ သရုပ်ဆောင်နယ်ပယ်ထဲ ကို လျှောက်လှမ်းခဲ့ပြီး အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် အောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ယခုဆိုရင် ခင်ဝင့်ဝါက မြန်မာ့ရုပ်ရှင်လောက ရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကတော့ လက်ရှိ ကပ်ရောဂါကာလလေးမှာ ကြော်ငြာတွေအပြင် Photo Shooting လေးတွေကို ဆက်တိုက် ရိုက်ကူးနေတာတွေ့ရပါတယ်။

Photo Credit -Khin Wint Wah fb page
Photo Credit -Khin Wint Wah fb page

ခင်ဝင့်ဝါ က တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေ နဲ့ ဟန်ဆောင်မှုကင်းကင်း ချစ်စရာကောင်းနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် ခင်ဝင့်ဝါ က ဆွဲဆောင်မှုရှိတဲ့ အလန်းစား ပုံရိပ်လေးတွေ ရိုက်ကူးပြီး ပရိသတ်တွေအတွက်လည်း ဖော်ပြပေးတာကိုတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ခင်ဝင့်ဝါ က လွမ်းနေတဲ့ ပရိသတ်တွေအတွက် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit -Khin Wint Wah fb page
Photo Credit -Khin Wint Wah fb page

ဒီပုံလေးတွေထဲမှာတော့ ခင်ဝင့်ဝါ က လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကိုဝတ်ပြီး အလွမ်း ၊ အဆွေး ဟန်ပန်အမူအရာလေးတွေနဲ့ ချစ်စရာကောင်းလောက်အောင် ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း သူမက " မချစ်ဘူး ပြောရင် စိတ်ဆိုးမယ် " ဆိုတဲ့ caption လေးနဲ့ လည်း ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဘိုဆန်တဲ့ အလှတရားတွေနဲ့ ဆွဲဆောင်မှုရှိရှိ ကြွေရက်စရာကောင်းနေတဲ့ ခင်ဝင့်ဝါ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Khin Wint Wah fb page

Source - Khin Wint Wah fb page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။