အသည်းကွဲသီချင်းလေးတွေသာမကဘဲ ခပ်မြူးမြူးသီချင်းတွေကိုပါ အသံအားကောင်းကောင်းနဲ့ သီဆိုနိုင်သူကတော့ အဆိုတော် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ အဆိုဘက်မှာသာမကဘဲ သရုပ်ဆောင်ဘက်မှာပါ ထူးချွန်လွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီးဒီဟာ လက်ရှိမှာတော့ အဆိုဘက်ကိုသာ ပိုမိုအားစိုက်ကာ လုပ်ဆောင်နေတာလည်း ဖြစ်ပြီး ပရိသတ်တွေကလည်း သူမရဲ့ သီချင်းတိုင်းကို အားပေးနားဆင်နေကြတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Sandi Myint Lwin's Facebook Page
Photo Crd - Sandi Myint Lwin's Facebook Page
Photo Crd - Sandi Myint Lwin's Facebook Page

ဒီးဒီဟာ မနေ့ကတော့ သူမရဲ့ အသက်(၃၄) နှစ်ပြည့်မွေးနေ့ကို နေအိမ်မှာ သံဃာတော်အရှင်သူမြတ် များအား ဆွမ်းကပ်ကာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမနက်လေးမှာတော့ ချစ်ရတဲ့ သူမရဲ့ ခင်ပွန်း ၊ သမီးလေးနဲ့အတူ ပြင်ဦးလွင်သို့ အပန်းဖြေအနားယူရန် သွားရောက်နေပြီပဲ ဖြစ်ပါတယ်။  ဒီးဒီရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲဝေမျှပေးလျက်ရှိရာ အခုမှာလည်း သူမရဲ့ Instagram Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Sandy-Myint-Lwin's IG Account
Photo Crd - Sandy-Myint-Lwin's IG Account
Photo Crd - Sandi Myint Lwin's Facebook Page

ဒါကတော့ ချစ်ရတဲ့အစ်မဒါဒါနဲ့အတူ စီးပွားရေးလုပ်ငန်းတစ်ခု အတူလုပ်ကိုင်ရန်ပြင်ဆင်နေပြီဖြစ်တဲ့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းကာ ကုန်ပစ္စည်းများစွာကို ဈေးနှုန်းချိုသာစွာနဲ့ အွန်လိုင်းကနေ တစ်ဆင့်ရောင်းချပေးသွားမယ့် Mart လေး ဖွင့်လှစ်တော့မှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Sandi Myint Lwin's Facebook Page , Sandy-Myint-Lwin's IG Account and Amazing Grace Photography 

Photo Crd - Amazing Grace Photography
Photo Crd - Sandi Myint Lwin's Facebook Page
Photo Crd -Sandy-Myint-Lwin's IG Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။