အဆိုတော်၊သရုပ်ဆောင် Mikis ကတော့ ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံကိုလာရောက်ကာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေပြီဖြစ်တဲ့ Mikis က မြန်မာမလေးစုစုဝေနဲ့လည်း ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ Mikis က တေးသီချင်းတွေလည်း သီဆိုခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ရိုက်ကူးပြီး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Mikis Weber's FB Acc
Photo Credit-Mikis Weber's FB Acc
Photo Credit-Mikis Weber's FB Acc

လက်ရှိမှာတော့ Mikis က ချစ်သူလေးနဲ့အတူ ပျော်ရွှင်သာယာတဲ့အချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ အားပေးချစ်ခင်သူပရိသတ်တွေ ရရှိထားတဲ့ Mikis တို့စုံတွဲလေးကတော့ အရမ်းကိုလိုက်ဖက်ညီနေကြတာ ဖြစ်ပါတယ်။ မနေ့ကတော့ Mikis တစ်ယောက် ချစ်သူလေးစုစုဝေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ Skydiving ကစားနည်းလေးကို သွားရောက်လေ့လာပြီး လက်တွေ့လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Mikis Weber's FB Acc
Photo Credit-Mikis Weber's FB Acc
Photo Credit-Mikis Weber's FB Acc

Mikis တို့စုံတွဲလေးကတော့ Trainer တွေနဲ့အတူ တစ်ယောက်တစ်လှည့်စီ လေပေါ်မှာပျံဝဲရင်း ပျော်ရွှင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ Mikis က သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုလေးတွေကို Live လွှင့်ပေးခဲ့သလို "သူကျတော့ Professional ပုံစံနဲ့ ကျွန်တော်ကျတော့ သင်္ဘောသားပုံစံပေါက်နေတယ် ဘာဖြစ်ဖြစ် ပျံမယ်ကွာ Spy-Girl and Cargoship-Engineer are about to fly" ဆိုပြီးပုံလေးတွေကိုလည်း တင်ပေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Mikis တို့စုံတွဲလေးရဲ့Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Mikis Weber's FB Acc 

Photo Credit-Mikis Weber's FB Acc
Photo Credit-Mikis Weber's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။