အဆိုတော် ခင်ဘုဏ်းကတော့ သာယာချိုမြတဲ့အသံလေးပိုင်ရှင်လေးဖြစ်ပြီး သီချင်းကောင်းကောင်းလေးတွေကို ဖန်တီးသီဆိုတတ်သူ ဖြစ်ပါတယ် ။ ဒါ့အပြင် ခင်ဘုဏ်းက နားဝင်ချိုလွန်းတဲ့အသံလေးနဲ့ နားဆင်သူပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် ရသတွေပေးစွမ်းနိုင်တာလည်း ဖြစ်ပါတယ် ။ ခင်ဘုဏ်းရဲ့တေးသီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ ယနေ့တိုင်အောင် ရေပန်းစားအောင်မြင်နေဆဲ ဖြစ်ပါတယ် ။



အိမ်ထောင်ကျပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ခင်ဘုဏ်းတစ်ယောက် ဂီတလမ်းကြောင်းပေါ်မှာလည်း ဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။ ခင်ဘုဏ်းက သူငယ်ချင်းဖြစ်တဲ့ ရှင်ဖုန်း၊ ယုဇနတို့နဲ့အတူ တေးသီချင်းလေးတွေဖန်တီးနေတာဖြစ်ပြီး မကြာခင်မှာလည်း သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိတော့မှာ ဖြစ်ပါတယ် ။ နှစ်တွေဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့နုပျိုခြင်းတွေနဲ့ ပိုလှလာတဲ့ ခင်ဘုဏ်းတစ်ယောက် အခုလည်း အမိုက်စားပုံရိပ်တွေကို မျှဝေထားတာ ဖြစ်ပါတယ် ။




ခင်ဘုဏ်းက " ငယ်ငယ်တုန်းက ခင်ဘုဏ်း ကိုသတိရလို့ပါ ယောကျာ်းလေးဆန်ဆန်ဝတ်တတ်တဲ့ မတ်မတ်ခင်ရဲ့ ဒီလိုပုံစံလေးတွေကို မှတ်မိနေသေးလား You ? ဖြေပေးခဲ့ " ဆိုပြီး ချစ်ခင်ပွန်းကိုယ်တိုင်ရိုက်ပေးထားတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဆံပင်ကုတ်ဝဲကေလေးနဲ့ လူငယ်လေးတစ်ယောက်လို နုပျိုနေတဲ့ ခင်ဘုဏ်းကတော့ အမိုက်စားစတိုင်နဲ့ အပြတ်လန်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် ခင်ဘုဏ်းရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Khin Bone Pyi's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။