ပရိသတ်ကြီးရေ ပိုပိုကတော့ လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ဂီတသီချင်းအမျိုးအစား များစွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

သူမဟာ ပရိသတ်အခိုင်မာရရှိထားသူဖြစ်ကာ သီဆိုဖျော်ဖြေမှုကောင်းမွန်ရုံတင်မကပဲ ဖက်ရှင်ပိုင်းမှာလည်းဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ အမြဲစမတ်ကျလှပနေသူလည်းဖြစ်ပါတယ်။အခုလည်း အမေစုပုံနဲ့ လော့ကတ်သီးလေးလုပ်ကာ အမြတ်တနိုး လည်ပင်းမှာဆွဲထားတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

ပုံလေးတွေတိုင်းမှာ ပိုပိုတစ်ယောက်ပျော်ရွှင်နေပြီး အရမ်း ချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ပိုပိုရဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ဟန်ပန်အမူအရာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ ပိုပိုလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

Source & Photo Credit : Po Po Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။