အကယ်ဒမီများရှင် မင်းသမီးကြီးဖြစ်တဲ့ ခင်သန်းနုကတော့ အနုပညာလောကမှာ မသိသူမရှိလောက်အောင်ကို ကျော်ကြားအောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ချောမောလှပတဲ့ရုပ်ရည်လေးနဲ့ အပြစ်ပြောစရာမရှိအောင်လှသွေးကြွယ်ခဲ့တဲ့ ခင်သန်းနုက အခုချိန်အထိတိုင်အောင် အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ် ။ ခင်သန်းနုက အသက် (၇၀)ကျော်အရွယ်လို့မထင်ရလောက်အောင် ကျန်းမာနုပျိုပြီး အပြုံးချိုချိုလေးတွေနဲ့ လှပနေတာပဲ ဖြစ်ပါတယ်။



ဒီဇိုင်နာမျိုးမင်းစိုးကတော့ ခင်သန်းနုအတွက် အဝတ်အစားတွေချုပ်ပေးရင်း နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေကို မကြာခဏတင်ပေးတတ်တာ ဖြစ်ပါတယ် ။ အခုလည်း ဒီဇိုင်နာမျိုးမင်းစိုးက ခင်သန်းနုဆီကိုအလည်သွားရင်း "မောင်တို့ချယ်ရီမြေ" ဇာတ်ကားထဲကပုံစံမျိုးလေး Tik Tok ဗီဒီယိုရိုက်ကူးခဲ့ကြောင်း တင်ထားတာ ဖြစ်ပါတယ် ။ အမြဲတမ်းလှပနေတဲ့ အန်တီခင်သန်းနုကတော့ ဆံပင်တိုတိုလေးနဲ့ လူငယ်လေးတစ်ယောက်လို နုပျိုပြီးချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။



ဒီဇိုင်နာမျိုးမင်းစိုးက " ဒီနေ့ အကယ်ဒမီခင်သန်းနုရဲ့ခြံထဲမှာအမှတ်တရရိုက်ထားတာပါ။ ကျွန်တော့်ကို ဝင်းဦးပုံစံလေး နှုတ်ခမ်းမွေးကအစ အန်တီနုကဖန်တီးပေးထားတာပါ။ မောင်တို့ချယ်ရီမြေဇာတ်ကားထဲကပုံစံလေး TikTok လေးရိုက်ထားပါတယ်။ ညကျမှတင်ပါတော့မယ်နော်...အသက်(၇၅)နှစ်ထိလှပနေတဲ့ဂန္ဓဝင်မင်းသမီးကြီးအန်တီနု" ဆိုပြီး ပုံလေးတွေနဲ့အတူ တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အကယ်ဒမီမင်းသမီးကြီး ခင်သန်းနုနဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Myo Min Soe's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။