ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဟဲဗီးဖြိုးကတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက အောင်မြင်ခဲ့သူလေး ဖြစ်ပါတယ်။ အရွယ်လေးနဲ့မလိုက်အောင် ကျရာဇာတ်ရုပ်မရွေး ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့ ဟဲဗီးဖြိုးလေးက ယနေ့အချိန်အထိတိုင်အောင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟဲဗီးဖြိုးနဲ့သူငယ်ချင်းတစ်စုက အဆိုတော်ယုန်လေးအတွက် အားပေးစကားပြောပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-Heàvy Phyø's FB Acc
Photo Credit-Heàvy Phyø's FB Acc

အဆိုတော်၊သရုပ်ဆောင်၊ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ယုန်လေးကတော့ လူငယ်ပရိသတ်တွေကြားမှာ အားပေးမှုအခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ယုန်လေးက သီချင်းဗီဒီယိုအသစ်လေးတစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးခဲ့တာဖြစ်ပြီး ဒီသီချင်းဗီဒီယိုလေးကြောင့် လက်ရှိမှာ ဝေဖန်မှုတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနေတဲ့ ယုန်လေးအတွက် သူငယ်ချင်းတွေက အားပေးစကားပြောပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit-Yone Lay's FB Acc
Photo Credit-Yone Lay's FB Acc
Photo Credit-Kyaw Swar's FB Acc

မနေ့ကလည်း ဟဲဗီးဖြိုး၊ အလင်းသခင်နဲ့ A4ကျော်စွာတို့က အဆိုတော်၊သရုပ်ဆောင်ယုန်လေးကို အားပေးစကားပြောထားတဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ သူတို့သုံးယောက်က "ချစ်တယ်နော်ကိုယုန်လေး ဖိုက်တင်း" ဆိုတဲ့စကားလေးကို အတူတူတစ်ပြိုင်တည်း ပြောပေးထားကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟဲဗီးဖြိုး၊အလင်းသခင်နဲ့ A4ကျော်စွာတို့သုံးယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Kyaw Swar's FB Story 

Photo Credit-Yone Lay's FB Acc
Photo Credit-Yone Lay's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။