ပရိသတ်ကြီးရေ.. ပထမဆုံးဇာတ်ကားမှာတင် ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေအပြင် သူမတူတဲ့အလှတရားလေးတွေနဲ့ ချစ်စရာကောင်းအောင် လှသွေးကြွယ်နေတဲ့ အညိုစင်လေးကတော့ မင်းသမီးချောလေး ဆုမွန်ပဲ ဖြစ်ပါတယ်နော်..။

Presenter တစ်ဦးလည်းဖြစ်သလို သရုပ်ဆောင်မင်းသမီးချောလေးအဖြစ် ဇာတ်ကားတွေရိုက်ကူးကာ အနုပညာအလုပ်တွေကိုပါ လုပ်ဆောင်နေပြီ ဖြစ်တဲ့ ဆုမွန်ကတော့ “ဂျီဟောသူ” ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားသူပါပဲ..။


Photo Credit - Su Mon's Fb Account
Photo Credit - Su Mon's Fb Account

အညိုစင်လေးမို့ ပရိသတ်တွေက အချစ်ပိုကြရတဲ့ ဆုမွန်ကတော့ MRTV-4 ရဲ့ အစီအစဉ်တွေမှာလည်း Presenter တစ်ယောက်အဖြစ် ပရိသတ်တွေရင်းနှီးခဲ့သူလေးဖြစ်သလို ဖော်ရွေတဲ့စိတ်ထားလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတာပါနော်..။

“ဂျီဟောသူ” ဇာတ်ကားမှာလည်း သရုပ်ဆောင်ကောင်းသလို တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဆုမွန်ကတော့ ရိုးရိုးယဉ်ယဉ် မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်လွန်းလှသလို ခေတ်ပေါ်ဖက်ရှင်လေးတွေနဲ့လည်း ညို့ချက်ပြင်းပြင်း လှသွေးကြွယ်သူလေးဆိုလည်း မမှားပါဘူး..။


Photo Credit - Su Mon's Fb Account
Photo Credit - Su Mon's Fb Account

မိမိလေးအဖြစ် ပရိသတ်တွေရင်ထဲ တိုးဝင်နေရာယူထားနိုင်ခဲ့တဲ့ အချစ်တော်လေး သူမကတော့ သွက်သွက်လက်လက်လေးနဲ့ စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းတာလေးကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေထဲက တစ်ခုပါပဲ..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် အညိုစင်လေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ညိုချောလေး ဆုမွန်ရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Su Mon's Fb Account
Photo Credit - Su Mon's Fb Account

Photo Credit - Su Mon's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။