ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူကတော့ မင်းသမီးစမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက အနုပညာလောကတွင် အောင်မြင်တဲ့ မင်းသမီးတစ်ဦးပဲဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေကို အားလပ်ချိန်များတွင် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ခင်ပွန်းရဲ့ဂရုစိုက်အလိုက်သိတတ်မှုတွေကြောင့်လည်း ကြည်နူးပီတိဖြစ်နေရတာလည်း ဖြစ်ပါတယ်။


စမိုင်းလ်ဟာ အလှူအတန်းများလည်း မကြာခဏလုပ်လေ့ရှိသူပဲ ဖြစ်ပါတယ်။ ဘာသာရေးကိုလည်း ကိုင်းရှိုင်းလွန်းသူတစ်ယောက်ဖြစ်ပြီး တရားစခန်းများလည်း မကြာခဏဝင်ရောက်လေ့ရှိသူတစ်ယောက်ပါ။ ပရိသတ်တွေကိုလည်း လှူဒါန်းမှုအစုစုတို့ကို သာဓုခေါ်ဆိုနိုင်ရန် လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ သစ်တံခါးဆရာတော်အဓိဌာန်ဝင်မယ့်နေရာတွင် ဗောဓိညောင်ပင်(၁၀)ပင်စိုက်ကာ ကုသိုလ်ယူခဲ့တဲ့ စမိုင်းလ်တို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမကလည်း " ယနေ့ဝါဆိုလပြည့်နေ့တွင် မြဝတီမြို့ဆရာတော်အဓိဌာန်ဝင်မယ့် နေရာတွင် ညောင်၁၀ပင် အဓိဌာန်ဝင်နိုင်ရန် ဗောဓိညောင်ပင် ၁၀ပင်စိုက်ခြင်းအခမ်းအနား " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဆရာတော် အဓိဌာန်ဝင်မယ့်နေရာအထိ တကူးတကသွားရောက်ကာ ကုသိုလ်ယူခဲ့ကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Smile’s Facebook Page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။