ချစ်ပရိသတ်ကြီးရေ Rapအဆိုတော်မလေး စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ သူမနဲ့တူတဲ့ သမီးလေးကို မွေးဖွားထားတာ ပရိသတ်တွေသိပြီးဖြစ်မှာပါနော်။ သူမရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ Treasure က အသည်းယားစရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားပြီး ဝကစ်ကစ်ခန္ဓာကိုယ်လေးကြောင့် မြင်သူတိုင်းက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။
အသက် ၁နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ Treasure လေးက ဖေဖေ၊ မေမေတို့ရဲ့ အသည်းကျော်လေးပါနော်။ Treasureလေးက ယခုမှာတော့ သင်ပေးတဲ့ အမူအရာလေးတွေကို လိုက်လုပ်တတ်နေပြီပဲ ဖြစ်ပါတယ်။ မေမေ စန္ဒီမြင့်လွင်က သမီးလေးရဲ့ အသည်းယားစရာကောင်းတဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိနေတာပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။
မေမေ စန္ဒီမြင့်လွင်က သမီးလေးရဲ့ ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ ဂျီကျနေတဲ့ ပုံလေးတွေကို အမိအရရိုက်ထားပြီး " သမီးကိုချစ်ကြတယ်ဆို ခုဆိုသမီးကအဲ့လိုဂျီကျနေပြီလေ လိုချင်တာမပေးရင်အဲ့လိုပဲသမီးက အဲ့ဒါကိုမေမေကဓါတ်ပုံရအောင်ရိုက်တာ ကဲမီးမီးကိုချစ်ကြတယ်ဆို လာထိန်းကြလေ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ကဲ အသည်းယား ချစ်စရာကောင်းလွန်းတဲ့ သမီးလေး Treasure ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်ကြီး ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်. ။
Photo credit - Khin Lin Htin's FB page
Source - Khin Lin Htin's FB page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။